တရုတ်နိုင်ငံဟာ ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဆက်နွယ်မှု ကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်။ ယဉ်ကျေးမှုအမွေအနှစ် ပျောက်ဆုံးသွားရင် ထာဝရပျောက်ကွယ်သွားမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံက ကောင်းကောင်းသိထားပါတယ်။ ဒါကြောင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးဟာ အလွန်အရေးကြီးပါတယ်။ အဘယ့်ကြောင့်ဆိုတော့ ယင်းအမွေအနှစ်ဟာ တရုတ်နိုင်ငံပိုင်တာဖြစ်ရုံသာမက လူသားတစ်ရပ်လုံးရဲ့ ဘုံပိုင်ဆိုင်မှုလည်း ဖြစ်ပါတယ်။
“ပြည်သူများကို အရင်းခံအဖြစ်ထားခြင်း အတွေးအခေါ်” ဟာ တရုတ် ယဉ်ကျေးမှုရဲ့ မြေဆီလွှာထဲမှာ အမြဲတမ်း အမြစ်တွယ်နေခဲ့ပါတယ်။ ယနေ့ ခေတ် တရုတ်နိုင်ငံမှာ ယင်းရိုးရာယဉ်ကျေးမှုဉာဏ်ပညာများဟာ အကျိုး သက်ရောက်မှုရှိနေဆဲဖြစ်ပါတယ်။ သူတို့ဟာ မတူကွဲပြားသော ဆန်းသစ် တီထွင်မှုပုံစံများနဲ့ ပေါ်လာတတ်ပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အဓိက ထားခြင်းကို အလေးထားဖော်ပြထားပါတယ်။
“တောတောင်ရေမြေသည် အနဂ္ဃရတနာဖြစ်သည်ဆိုသော အယူအဆ” ဟာ ပြည်သူတွေရဲ့လူနေမှုဘဝထဲမှာ အမြစ်တွယ်နေခဲ့ပါပြီ။ သူတို့ဟာ ဂေဟစနစ် ထိန်းသိမ်းကာကွယ်မှုရဲ့ အကျိုးခံစားရသူများ ဖြစ်လာကြပြီး တောတောင် ရေမြေသဘာဝဟာ သာယာပျော်ရွှင်သော ပြည်သူလူထုဘဝရဲ့ အားကိုး အားထိုက်ရာ ဖြစ်လာပါတယ်။