ကမ္ဘောဒီးယား စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မည့် အလားအလာကောင်းများ ရှိနေ

CRI2018-12-05 14:43:06

မကြာခင်က ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့သည် ၂၀၁၈ခုနှစ် ကမ္ဘောဒီးယား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် ပတ်သက်၍ အသီးသီး အကဲဖြတ်ခဲ့ကြောင်း၊ ကမ္ဘာ့ဘဏ်က ၂၀၁၈ခုနှစ်တွင် ကမ္ဘောဒီးယား၏ ဂျီဒီပီ တိုးနှုန်းမှာ ၆့၉ရာခိုင်နှုန်း ရှိရန် အလားအလာရှိပြီး အာရှတွင် တိုးနှုန်း အလွန်မြင့်မားသော စီးပွားရေး အုပ်စု တစ်ခု ဖြစ်သည်ဟု ယူဆကြောင်း၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ကမ္ဘောဒီးယား၏ ဝင်ငွေ တိုးနှုန်းသည် အခြား အလားတူ ဖွံ့ဖြိုးဆဲ နိုင်ငံများထက် ပိုမြင့်ပြီး ဆင်းရဲမှု ဖြစ်ပွားမှုနှုန်း ဆက်တိုက် ကျဆင်းသည်ဟု ယူဆကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၂၀၁၆ခုနှစ် ဇူလိုင်လက ကမ္ဘာ့ဘဏ်က ကမ္ဘောဒီးယားသည် ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံများ စာရင်းမှ ဖြုတ်ပစ်လိုက်သည်ဟု ကြေညာခဲ့ကြောင်း၊ မကြာခင်က ကမ္ဘောဒီးယား အစိုးရက အမျိုးသား စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ ကမ္ဘောဒီးယား သည် ၂၀၃၀ပြည့်နှစ်တွင် ဝင်ငွေ အလယ်အလတ် အဆင့်အတန်းထက် ပိုမြင့်(above average)သည့်နိုင်ငံ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဖော်ပြသည်။

ကမ္ဘောဒီးယား၏ "၂၀၁၅-၂၀၂၅ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း"တွင် ၂၀၂၅ခုနှစ်ရောက်လျှင် ကမ္ဘောဒီးယား၏ စက်မှုလုပ်ငန်းကို လုပ်အားအများအပြား လိုအပ်သည့် လုပ်ငန်းမှ နည်းပညာအများအပြား လိုအပ်သည့် လုပ်ငန်းသို့ ပြောင်းလဲစေရန်၊ ဂျီဒီပီတွင် စက်မှုလုပ်ငန်း၏ အချိုးအစားမှာ ၂၀၁၃ခုနှစ်က ၂၄့၁ရာခိုင်နှုန်း ရှိရာမှ ၂၀၂၅ခုနှစ်တွင် ရာခိုင်နှုန်း၃၀ အထိ တိုးပွားစေရန်၊ ပို့ကုန် ပစ္စည်း မျိုးစုံရှိစေရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ထင်ရှားသိသာစွာ ဖော်ပြသည်။

Not Found!(404)