အာရှ အားကစားပွဲတော်ဖြင့် အင်ဒိုနီးရှား ဖွံ့ဖြိုးရေး အခွင့်ကောင်း ရရှိ

CRI2018-09-05 14:12:36

မကြာမီက ပြီးစီးခဲ့သော ၁၈ကြိမ်မြောက် အာရှ အားကစားပွဲတော် ကျင်းပစဉ် အတွင်း ခရီးသည် ၇သိန်းသည် အင်ဒိုနီးရှားသို့ လာရောက်ပြီး ဆောင်ကြဉ်းလာသော ဝင်ငွေ ပမာဏမှာ အင်ဒိုနီးရှား ရူပီးယာငွေ ဘီလီယံ ၃ထောင်ရှိသည်ဟု အင်ဒိုနီးရှား အစိုးရမှ  ခန့်မှန်းရကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် ဖော်ပြသည်။

ယခုအကြိမ် အာရှ အားကစားပွဲတော် အတွက် အင်ဒိုနီးရှားသည် ရင်းနှီးငွေ များစွာ ထုတ်ပေးခဲ့ကြောင်း၊ အာရှ အားကစားပွဲတော်သည် အင်ဒိုနီးရှား အတွက် ရင်းနှီးငွေနှင့် ခရီးသည် များစွာ ဆောင်ကြဉ်းလာပြီး ဖွံ့ဖြိုးရေး အခွင့်ကောင်းသစ်များကိုလည်း ဆောင်ကြဉ်းလာနိုင်မည်ဟု အင်ဒိုနီးရှား မီဒီယာများက ယူဆကြောင်း သိရသည်။

အင်ဒိုနီးရှား အစိုးရသည် ယခုအကြိမ် အာရှအားကစား ပွဲတော်အတွက် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးတွင် အမေရိကန် ဒေါ်လာ ၂့၎ဘီလီယံကို ထုတ်ပေးခဲ့ ကြောင်း၊ ဥပမာပြောရလျှင် တရုတ် ကုမ္ပဏီ လက်ခံ ဖောက်လုပ်ပေးသော အင်ဒိုနီးရှား Palembangမြို့ပတ်ရထားလမ်း ယခုနှစ် ဇူလိုင်လ လကုန်ပိုင်းက စမ်းသပ်ဖွင့်လှစ်ပြီး အာရှ အားကစားပွဲတော် အတွက် လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာ ကျားကန်ပေးခဲ့ကြောင်း၊ ၄င်းလုပ်ငန်း အစီအစဉ်သည် Palembangမြို့၏ လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာ ဖိအားကို လျော့ပါးစေပြီး အလုပ်အကိုင် နေရာ ၁ထောင်ခန့်ကို ဖန်တီးပေးခဲ့ကြောင်း၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တိုးပွားစေခြင်းသည် သက်ဆိုင်ရာ လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက် တွန်းအားပေးခဲ့ကြောင်း၊ ယမန်နှစ်က ခရီးသွားလုပ်ငန်းသည် အင်ဒိုနီးရှား အတွက် ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၆့၈ဘီလီယံကို ဆောင်ကြဉ်းလာခဲ့ကြောင်း၊  ယခုနှစ်တွင် အင်ဒိုနီးရှား အစိုးရသည် အာရှ အားကစားပွဲတော် ကျင်းပခြင်းဖြင့် ခရီးသွား ဝင်ငွေ ရာခိုင်နှုန်း ၂၀ တိုးပွားစေရန် ရည်မှန်းထားကြောင်း သိရသည်။

Not Found!(404)