ရူပီးယာငွေ လဲလှယ်နှုန်းကို အင်ဒိုနီးရှား ထိန်းသိမ်း

CRI2018-07-11 15:53:57

ယခုနှစ် ပထမနှစ်ဝက်ပိုင်းက အမေရိကန် ဒေါ်လာ အားကောင်းလာခြင်း စသည်များကြောင့် အင်ဒိုနီးရှား နိုင်ငံ ရူပီးယာငွေ အပေါ် ကြီးမားသည့် ထိခိုက်မှု ဖြစ်ခဲ့ကြောင်း၊ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် အင်ဒိုနီးရှား ရူပီးယာငွေနှင့် အမေရိကန် ဒေါ်လာ အကြား လဲလှယ်နှုန်းသည် ၆့၃၂ရာခိုင်နှုန်း ကျဆင်းပြီး ကျဆင်းမှု အများဆုံးသော တက်သစ်စ ဈေးကွက် ငွေကြေးမျိုးများ အနက် တစ်မျိုး အပါအဝင် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ရူပီးယာငွေ လဲလှယ်နှုန်း၊ ငွေကြေးနှင့် စီးပွားရေး အခြေအနေ တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရန် အတွက် အင်ဒိုနီးရှား ဗဟိုဘဏ်သည် ဆောင်ရွက်မှုများကို လျင်မြန်စွာ ကျင့်သုံးခဲ့ကြောင်း၊ ဗဟိုဘဏ် ဥက္ကဋ္ဌ ပယ်ရီ ဝါဂျီယိုက ၄င်းဆောင်ရွက်ချက်များ လျင်မြန်စွာ ကျင့်သုံးခြင်းဖြင့် ရူပီးယာငွေ၏ လဲလှယ်နှုန်းကို တည်ငြိမ်လာစေသည်ဟု ယူဆကြောင်း၊ အခြေအနေ အရေးတကြီး ဖြစ်လာမည်ဆိုလျှင် ဗဟိုဘဏ်သည် ပိုမိုများ ပြားသည့် တင်းကျပ်သော ငွေကြေးမူဝါဒနှင့် ဈေးကွက်တွင် ဝင်ရောက်စွက်ဖက်မှု ဆောင်ရွက်ချက်များကို ကျင့်သုံးမည် ဖြစ်ကြောင်း ပြောကြားသည်။

အင်ဒိုနီးရှား ဘဏ္ဍာရေး ဝန်ကြီး စရီ မူလ်ယာနီ အင်ဒရာဝါတီသည် ဗဟိုဘဏ်မှ ငွေကြေးဈေးကွက် တည်ငြိမ်စေရေး ဆောင်ရွက်မှုများကို အားပေးထောက်ခံကြောင်း၊ ၄င်းက စီးပွားရေး တိုးတက်မှုနှင့် နှိုင်းယှဉ်လျှင် အင်ဒိုနီးရှားသည် စီးပွားရေး တည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေးကို ဦးစားပေးမည် ဖြစ်ကြောင်း၊ စီးပွားရေး တည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေး အတွက် အတင့်အသင့် နှေးကွေးသည့် စီးပွားရေး တိုးတက်မှုကို လက်ခံနိုင်ကြောင်း ပြောကြားသည်။

ချုံပြီး ပြောရလျှင် အင်ဒိုနီးရှား စီးပွားရေး၏ အခြေခံ အခြေအနေသည် အားကောင်း နေသေးကြောင်း အကဲခတ်များက ယူဆကြသည်။ ၂၀၁၈ခုနှစ် အင်ဒိုနီးရှား၏ ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၂့၅ရာခိုင်နှုန်းမှ ၄့၅ရာခိုင်နှုန်း အကြား ရှိမည်ဟု ခန့်မှန်းရကြောင်း အင်ဒိုနီးရှား ဗဟိုဘဏ်က ဖော်ပြသည်။

Not Found!(404)