မလေးရှား-စင်ကာပူ ကျည်ဆန်ရထားလမ်း အစီအစဉ်ကို မာဟာသီယာ ဖျက်သိမ်း

CRI2018-05-30 14:44:02

မလေးရှား ဝန်ကြီးချုပ် မာဟာသီယာသည် တင်ဒါ အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည့် မလေးရှား-စင်ကာပူ ကျည်ဆန်ရထားလမ်း အစီအစဉ်ကို ဖျက်သိမ်းကြောင်း ယခုလ ၂၈ရက်နေ့က ကြေညာသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

မာဟာသီယာက ၄င်းလုပ်ငန်းအစီအစဉ်ကို ဖျက်သိမ်းသည့် အကြောင်းရင်းမှာ ရင်းနှီးငွေ အလွန်များစွာ ကုန်ကျမည် ဖြစ်သော်လည်း ဘဏ္ဍာရေးဝင်ငွေ ရရှိနိုင်မည် မဟုတ်သောကြောင့် ဖြစ်ကြောင်း၊ ကန်ထရိုက် စာချုပ် ဖောက်ဖျက်ခြင်း အတွက် မလေးရှားသည် လျော်ကြေး အမေရိကန် ဒေါ်လာ ၁၂၅သန်းကို စင်ကာပူအား ပေးရန် လိုအပ်ကြောင်း  ပြောကြားသည်။

မလေးရှား-စင်ကာပူ ကျည်ဆန်ရထားလမ်း အစီအစဉ်ကို မာဟာသီယာမှ ဖျက်သိမ်းခြင်း၏ နောက်ထပ် ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရာ၌ ၄င်း၏ ကတိပြုချက်ကို လိုက်နာစောင့်စည်းရန် ဖြစ်ကြောင်း၊ မာဟာသီယာသည် ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ရာ၌ ပြည်သူများ၏ နေထိုင်မှု ကုန်ကျစရိတ်ကို ကျဆင်းစေပြီး နိုင်ငံတော် ကြွေးမြီများကို လျှော့ချမည်ဟု ကတိပြုခဲ့ကြောင်း၊ ထို့အပြင်၊  ၄င်းကျည်ဆန်ရထားလမ်း အစီအစဉ်ကို ဖျက်သိမ်းခြင်းသည် နိုင်ငံတော် တည်ဆောက်ရေး ဦးတည်ချက်နှင့် ပတ်သက်၍ မာဟာသီယာနှင့် အစိုးရဟောင်း အကြား သဘောကွဲလွဲမှု ရှိခြင်းကိုလည်း ရောင်ပြန်ထင်ဟပ်နေကြောင်း၊ သို့သော် နာဂျစ် အစိုးရမှ လုပ်ငန်း အစီအစဉ် တစ်ခုကို မာဟာသီယာမှ ဖျက်သိမ်းခဲ့သော်လည်း မလေးရှားနှင့် စင်ကာပူ အကြား ကျည်ဆန် ရထားလမ်း ဖောက်လုပ်ရေးကို အပြီးအပြတ် စွန့်လွှတ်ရာ မကျကြောင်း အကဲခတ်များက ယူဆကြသည်။

Not Found!(404)