ထိုင်းဒုတိယ ကျည်ဆန်ရထားလမ်း တင်ဒါဆွဲမည်

CRI2018-05-29 15:24:21

မကြာမီက ထိုင်းနိုင်ငံ အစိုးရ လုပ်ငန်းဌာနများသည် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကို ကျင်းပရာ ယခုလ ၃၀ရက်နေ့တွင် ထိုင်းနိုင်ငံ၏ ဒုတိယ ကျည်ဆန်ရထားလမ်း လုပ်ငန်း အစီအစဉ် အတွက် တရားဝင် တင်ဒါဆွဲမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုင်းအစိုးရက ယခုနှစ် အတွင်း တင်ဒါအောင်သည့် ကုမ္ပဏီကို သတ်မှတ်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထိုင်းနိုင်င၏ံ ဒုတိယ ကျည်ဆန်ရထားလမ်းသည် ဘန်ကောက်မြို့တော်ရှိ Don Mueang အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် Suvarnabhumi အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆက်စပ်ထားပြီး အရှေ့ပိုင်း  ခရီးသွား ရှုခင်းသာနေရာ Pattayaရှိ U-Tapaoလေဆိပ်သို့ ပေါက်ရောက်ကာ အနာဂတ်တွင် ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်သော Chanthaburiပြည်နယ်နှင့် Tratပြည်နယ်သို့ ပေါက်ရောက်မည် ဖြစ်ကြောင်း၊  ရထားလမ်း၏ အရှည်မှာ ကီလိုမီတာ ၂၂၀ရှိပြီး ခန့်မှန်း မြန်နှုန်းမှာ ကီလိုမီတာ ၂၅၀ရှိကြောင်း၊ ရင်းနှီးငွေ ထိုင်းဘတ်ငွေ ဘီလီယံ ၂၀၀ကျော်ရှိကြောင်း၊ ၄င်းရထားလမ်းသည် စုစုပေါင်း ရင်းနှီးငွေ ဘတ်ငွေ ဘီလီယံ ၇၀၀ရှိသော အကြီးစား အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်း အစီအစဉ် ၄ရပ်တွင် တစ်ရပ် အပါအဝင် ဖြစ်ကြောင်း သိရသည်။

 

404 Not Found

404 Not Found


nginx/1.26.1