ဂျီဒီပီ ဆက်တိုက် တိုးပွားစေရန် မြန်မာ ဆောင်ရွက်ချက်များစွာ ကျင့်သုံး

CRI2018-05-23 15:04:13

မကြာမီက ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော "မြန်မာ စီးပွားရေး အကဲဖြတ်" အစီရင်ခံစာတွင် ၂၀၁၈ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးနှုန်းမှာ ၆့၎ရာခိုင်နှုန်းရှိမည် ဖြစ်ပြီး  လာမည့် ၂၀၁၉ခုနှစ်တွင် ၆့၇ရာခိုင်နှုန်းအထိ တိုးလာရန် ရှိသည်ဟု ခန့်မှန်း ရကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းမှာမူ ၂၀၁၇ခုနှစ်က ၇ရာခိုင်နှုန်း ရှိသည်မှ ယခုနှစ်တွင် ၅့၅ရာခိုင်နှုန်း အထိ ကျဆင်းသွားမည် ဖြစ်ကြောင်း၊ ၂၀၁၉ခုနှစ်တွင် ၄့၉ရာခိုင်နှုန်း အထိ တစ်ဆင့် ကျဆင်းနိုင်ဖွယ်ရာ ရှိမည်ဟု ခန့်မှန်းရကြောင်း ရေးသားဖော်ပြသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

မကြာမီနှစ်များက မြန်မာ စီးပွားရေး တိုးနှုန်း တိုးလာသည့် အကြောင်းရင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက မြန်မာ အချောကိုင် လုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုကို လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးခြင်းကြောင့် ဖြစ်ကြောင်း အကဲခတ်များက ယူဆကြသည်။

စီးပွားရေး ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရန် အတွက် မြန်မာ နိုင်ငံသည် ဆောင်ရွက်ချက် များစွာ ကျင့်သုံးနေကြောင်း၊ ယင်းဆောင်ရွက်ချက်များတွင် စွမ်းအင်၊ လျှပ်စစ်ဓါတ်အားနှင့် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ တည်ဆောက်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်ခြင်း၊ တရုတ်ပြည် ရှင်ကျင့်မြို့ကို နည်းယူလေ့လာပြီး ရန်ကုန်မြို့သစ်ကို တည်ဆောက်ရေး စသည်များ ပါဝင်ကြောင်း သိရသည်။

Not Found!(404)