ထိုင်းနိုင်ငံ သဲသောင်ပြင် ၂၄ခုတွင် ဆေးလိပ်သောက်သုံးမှု တားမြစ်

CRI2018-02-01 15:17:01

မကြာခင်က ထိုင်းအစိုးရမှ ထုတ်ပြန်သော ကြေညာချက်တွင် ထိုင်းသည် ယခုလ ၁ရက်နေ့က တစ်ပြည်လုံးရှိ သဲသောင်ပြင် ၂၄ခု၌ ဆေးလိပ်သောက်သုံးမှုကို စတင် တားမြစ်မည် ဖြစ်ကြောင်း၊ ဖောက်ဖျက်သူများကို အရေးယူမည် ဖြစ်ကြောင်း ဖော်ပြသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

၎င်းသဲသောင်ပြင် ၂၄ခုသည် များသောအားဖြင့် ခရီးသွား ရှုခင်းသာ နေရာများ ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ ၄င်းနေရာများ၏ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ပြုပြင်ရန်နှင့် ထိုင်းနိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရန် ဖြစ်ကြောင်း သိရသည်။

Not Found!(404)