အာဆီယံသည် ခရီးသွား ဈေးကွက် တပြေးညီ ဖြစ်စေရေးကို အရှိန်မြှင့် ဆောင်ရွက်

CRI2018-01-30 16:17:21

မကြာခင်က ၂၀၁၈ခုနှစ် အာဆီယံ ခရီးသွား ဖိုရမ်ကို ထိုင်းနိုင်ငံ ဇင်းမယ်တွင် ကျင်းပ ခဲ့ကြောင်း၊ ဖိုရမ် ကျင်းပစဉ် အတွင်း အာဆီယံ နိုင်ငံများ ခရီးသွား လုပ်ငန်း အဖွဲ့ အစည်းအဝေး၊ အာဆီယံ ခရီးသွား လုပ်ငန်း ဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ ခရီးသွား မိတ်ဆက်ဖြန့်ချိပွဲနှင့် အကြီးစား ပြပွဲစသည်များကို ကျင်းပခဲ့ကြောင်း တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

အာဆီယံနှင့် မဟာမဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံ အသီးသီးများမှ ခရီးသွား လုပ်ငန်း ဌာနများမှ အရာရှိများ၊ ခရီးသွား လုပ်ငန်း နယ်ပယ်မှ ကိုယ်စားလှယ်များနှင့် မီဒီယာသမား များသည် ၄င်းအစည်းအဝေးများသို့ တက်ရောက်ခဲ့ကြကြောင်း၊ ၄င်းတို့က အာဆီယံ နိုင်ငံများသည် ခရီးသွား ဈေးကွက် တပြေးညီ ဖြစ်စေရေးကို အရှိန်မြှင့် ဆောင်ရွက်ပြီး ခရီးသွား လုပ်ငန်း နယ်ပယ်တွင် တရုတ်ပြည်၏ Belt and Roadတည်ဆောက်ရေးနှင့် ညီညွတ်စေရန် အားဖြည့်ဆောင်ရွက်သင့်ကြောင်း ယူဆကြသည်ဟု သိရသည်။

၂၀၁၆ခုနှစ်က အာဆီယံ ဆယ်နိုင်ငံမှ ခရီးသွား လုပ်ငန်း ဝန်ကြီးများသည် ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တော်တွင် "အာဆီယံ ခရီးသွား လုပ်ငန်း မဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၂၅"ကို ထုတ်ပြန်ပြီး လာမည့် ဆယ်နှစ်တွင် အာဆီယံ ခရီးသွား ဈေးကွက် တပြေးညီ ဖြစ်စေရေး အတွက် စီစဉ်ပေးခဲ့ကြောင်း၊ နောက်ဆုံး စာရင်းအရ ၂၀၁၇ခုနှစ်တွင် အာဆီယံ နိုင်ငံများသည် နိုင်ငံအသီးသီးမှ ခရီးသည် ၁၂၅သန်းကို လက်ခံခဲ့ပြီး မူလ လျာထားချက်ထက် ပိုများကြောင်း သိရသည်။

ထိုင်းနိုင်ငံ ခရီးသွားနှင့် အားကစား ဝန်ကြီး ဝီလာစာက ယခုအကြိမ် ဖိုရမ် တွင် "အာဆီယံ ခရီးသွား လုပ်ငန်း မဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၂၅"အရ ၂၀၁၈- ၂၀၁၉ခုနှစ် လုပ်ငန်း စီမံကိန်းကို အတည်ပြုပြဌာန်းခဲ့ကြောင်း၊ အာဆီယံသည် ဒေသတွင်း ခရီးသွား အရင်းအမြစ်များ အထွေထွေ အသုံးပြုပြီး အာဆီယံကို သီးခြားသော ခရီးသွား ဈေးကွက်တစ်ခု အဖြစ် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

Not Found!(404)