အင်ဒို စီးပွားရေး ဖွဲ့စည်းပုံ ပြောင်းလဲနေ

CRI2017-11-22 19:01:31

အင်ဒိုနီးရှား စီးပွားရေးသည် စားသုံးမှုဖြင့် တွန်းအားပေးသည့် ပုံစံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် တွန်းအားပေးသည့် ပုံစံ အဖြစ်သို့ ပြောင်းလဲနေကြောင်း၊ ယခုနှစ် တတိယ ၃လပိုင်းတွင် အင်ဒိုနီးရှား၏ စီးပွားရေး အတွက် ရင်းနှီးမြှုပ်နှံရေး အကျိုးပြု စွမ်းဆောင်မှု အလွန်ကြီးမားကြောင်း၊ အင်ဒိုနီးရှား လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာ မိုဘိုင်းဖုန်း APPတွင် တရုတ်ပြည် Tencentနှင့် Didiစသည့် ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှု အတိုင်းအတာသည် လျင်မြန်စွာ တိုးပွားလာကြောင်း၊ အင်ဒိုနီးရှားရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၌ တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် တတိယ အများဆုံး ဖြစ်ကြောင်း တရုတ် စီးပွားရေး နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

ယခုနှစ် ပထမ နှစ်ဝက်ပိုင်းက အင်ဒိုနီးရှား၏ စားသုံးမှု ပမာဏသည် ယမန်နှစ် အလားတူ အချိန်ကထက် ၄့၉၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ယခုနှစ် တတိယ ၃လပိုင်းကျတော့ စားသုံးမှု ပမာဏသည် ယမန်နှစ် အလားတူ အချိန်ကထက် ၄့၉၃ရာခိုင်နှုန်းသာ တိုးလာပြီး စားသုံးမှု တိုးနှုန်း ကျဆင်းသွားကြောင်း၊ စီးပွားရေး တိုးတက်မှုတွင် ရင်းနှီးမြှုပ်နှံမှု၏ အကျိုးပြု စွမ်းဆောင်မှုနှုန်းမှာ ၃၂ရာခိုင်နှုန်း ရှိပြီး ယမန်နှစ် အလားတူ အချိန်ကထက် ၇.၁၁ရာခိုင်နှုန်း တိုးလာကြောင်း အင်ဒိုနီးရှား ဗဟို စာရင်းအင် ဌာနမှ မကြာခင်က ထုတ်ပြန်သော စာရင်းအရ သိရသည်။

404 Not Found

404 Not Found


nginx/1.26.1