၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး ကျင်းပပြီးစီး

(GMT+08:00)2024-03-12 15:19:28  



စိစစ်ဆွေးနွေးမှု အစီအစဉ်များ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီးနောက် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေးကို မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပပြီးစီးခဲ့ပါသည်။

   အစည်းအဝေးတွင် အစိုးရလုပ်ငန်း အစီရင်ခံစာ၊ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ လုပ်ငန်းအစီရင်ခံစာ စသည်တို့ကို အတည်ပြုခဲ့ပါသည်။

   အစည်းအဝေးတွင် အသစ်ပြင်ဆင်ထားသည့် နိုင်ငံတော်ကောင်စီ ဖွဲ့စည်းပုံ ဥပဒေကို အတည်ပြုခဲ့ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အမှတ်(၂၁) သမ္မတ အမိန့်ကို လက်မှတ် ရေး ထိုးပြီး ထုတ်ပြန်ခဲ့ပါသည်။

   အစည်းအဝေး၏ သဘာပတိအဖွဲ့ အမြဲတမ်းသဘာပတိ၊ အမှုဆောင် သဘာပတိ ကျောက်လေ့ကြည့်သည် ယခုအကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ပါသည်။

  ကျောက်လေ့ကြည့်က ကိုယ်စားလှယ်အားလုံးနှင့် သက်ဆိုင်ရာတို့၏ လက်တွဲ ကြိုးပမ်းမှုဖြင့် ယခုအကြိမ် အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ရဲဘော် ရှီကျင့်ဖိန်ကို ဗဟိုအဖြစ်ထားသည့် ပါတီဗဟိုကော်မတီ၏ အားကောင်းသော ဦးဆောင်မှုဖြင့် ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေး အခေါ်ကို လမ်းညွှန်ချက်အဖြစ် ထားကာ စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ပြီး တရုတ်အသွင်ပုံစံ ခေတ်မီရေးကို ဦးလည်မသုန် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ် ကြောင်း၊ ပြည်သူများကို ဗဟိုအဖြစ်ထားသည့် ဖွံ့ဖြိုးတိုးတက်ရေး အတွေးအမြင်ကို ဖော်ဆောင်ရမည် ဖြစ်ပြီး ဖြစ်စဉ်တစ်ရပ်လုံး ပြည်သူ့ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။