ရှီကျင့်ဖိန်သည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ရဲတပ်ဖွဲ့ ကိုယ်စားလှယ်အဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်

(GMT+08:00)2024-03-08 13:53:06  

ယခုလ ၇ရက်နေ့ ညနေပိုင်းက ၁၄ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ဒုတိယ အကြိမ် အစည်းအဝေး ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ရဲတပ်ဖွဲ့ ကိုယ်စားလှယ်အဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေးသို့ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် တက်ရောက်ပြီး တက်သစ်စနယ်ပယ် ဗျူဟာကျကျ လုပ်နိုင်စွမ်းက နိုင်ငံတော်မဟာ ဗျူဟာစနစ်နှင့် လုပ်နိုင်စွမ်း၏ အရေးပါအစိတ်အပိုင်းဖြစ်ကြောင်း၊ တာဝန်သိမှုကို တိုးမြှင့်ပြီး ပြုပြင်ပြောင်းလဲရေးနှင့် ဆန်းသစ်တီထွင်ရေးနက်ရှိုင်းစေကာ တက်သစ်စနယ်ပယ် ဗျူဟာကျကျ လုပ်နိုင်စွမ်းကို ဘက်ပေါင်းစုံမှ တိုးမြှင့်ရန်လိုကြောင်း အလေးထားဖော်ပြခဲ့သည်ဟု သတင်းအရ သိရပါသည်။