အိုလံပစ်စိတ်ကူးကို ထုဆစ်ပုံဖော်ကြသူများ အပိုင်း-၅

(GMT+08:00)2022-03-16 17:41:42  

အိုလံပစ်စိတ်ကူးကို ထုဆစ်ပုံဖော်ကြသူများ အပိုင်း-၅_fororder_17

ရှင်သန်နေတဲ့ဘ၀ကိုချစ်ပြီး ချစ်တဲ့ဘ၀မှာ ရှင်သန်နေသူတစ်ယောက်ကတော့ ချိန်ဟုံရန်ပါပဲ။ သူဟာ အသက် ၄ နှစ်အရွယ်ကတည်းကစပြီး ကားတိုက်မှုကြောင့် ခြေနှစ်ဖက်လုံး ဖြတ်လိုက်ရတဲ့အတွက် မသန်စွမ်းသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ချိန်ဟုံရန်တစ်ယောက် မိသားစုရဲ့ အားပေးမှု၊ သူ့ရဲ့မလျှော့တဲ့ဇွဲလုံ့လကြောင့် အသက် ၁၁ နှစ်အရွယ်မှာ မသန်စွမ်းရေကူးအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးနောက် ခန္ဓာကိုယ် အောက်ပိုင်းမှာ ဘတ်စကတ်ဘောအခွံကြီးကို စွပ်ထားတာကြောင့် သူ့ကို ဘတ်စကက်ဘော မိန်းကလေးလို့ လူသိများလာပါတယ်။ အဲ့ဒီနောက် သူဟာ တစ်ဆင့်ပြီးတစ်ဆင့် ပြည်နယ်အဆင့်၊ နိုင်ငံအဆင့် ပြိုင်ပွဲတွေမှာ ဆုတံဆိပ်များစွာရရှိပြီးနောက် တရုတ်နိုင်ငံမှာကျင်းပမယ့် မသန်စွမ်း အိုလံပစ်ပြိုင်ပွဲအထိ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရလာပါတော့တယ်။ မသန်ပေမယ့် စွမ်းကြတဲ့ မသန်စွမ်းသူတွေ အိုလံပစ်စိတ်ကူးကို ဘယ်လို ထုဆစ်ပုံဖော်ကြမလဲ ရေဒီယိုဇာတ်လမ်းတွဲထဲမှာ ခံစားနားဆင်ပါရှင်။