邹立莹

ပထမနှစ်လအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ချောမွေ့စွာ စတင်ခဲ့ပြီး ဥရောပသမဂ္ဂနှင့် အာဆီယံ စသည့် အဓိကကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှု တိုးတက်

(GMT+08:00)2022-03-11 14:15:13  

ပထမနှစ်လအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ချောမွေ့စွာ စတင်ခဲ့ပြီး ဥရောပသမဂ္ဂနှင့် အာဆီယံ စသည့် အဓိကကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှု တိုးတက်_fororder_VCG111355275801

မကြာခင်က တရုတ်အကောက်ခွန်ဌာနချုပ်မှ ထုတ်ပြန်သည့် စာရင်းအရ ဇန်နဝါရီလမှ ဖေဖေါ်ဝါရီလအထိ တရုတ်နိုင်ငံ၏ သွင်းကုန်ပို့ကုန် စုစုပေါင်းတန်ဖိုးသည် ယွမ် ၆ ဒဿမ ၂ ထရီလျံရှိပြီး ယမန်နှစ် အလားတူကာလထက် ၁၃ ဒဿမ ၃ ရာခိုင်နှုန်း တိုးမြင့် လာခဲ့သည်။ ၎င်းတို့အနက် အီးယူနှင့် အာဆီယံကဲ့သို့သော အဓိက ကုန်သွယ်ဖက်နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ သွင်းကုန်နှင့် ပို့ကုန်များ တိုးလာကာ အီးယူသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက် ဖြစ်လာပြန်သည်။ ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံတကာ စီးပွားကုန်သွယ်ရေးတက္ကသိုလ် နိုင်ငံတကာစီးပွားရေး သုတေသန ဌာနက ဌာနမှူးစန်ပိုင်ချွမ်းက အီးယူ နှင့်တရုတ်အကြား စီးပွားရေး အပြန်အလှန် ဖြည့်စွက်မှု ပိုမိုထင်ရှားလာပြီး တရုတ်နှင့် အာဆီယံအကြား စီးပွားကုန်သွယ်မှု ဆက်ဆံရေးလည်း တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားနေကြောင်း ပြောကြားပါသည်။