邹立莹

တရုတ်-အာဆီယံ ဆက်ဆံမှုသည် အတိုင်းမသိ ကောင်းမွန်ပြီး ပိုမို ကောင်းမွန်မည်သာ ဖြစ်သည်ဟု ဝမ်ယိ ဆို

(GMT+08:00)2022-03-07 17:15:21  

တရုတ်-အာဆီယံ ဆက်ဆံမှုသည် အတိုင်းမသိ ကောင်းမွန်ပြီး ပိုမို ကောင်းမွန်မည်သာ ဖြစ်သည်ဟု ဝမ်ယိ ဆ_fororder_VCG111358768928

ယခုလ ၇ ရက်နေ့ ညနေပိုင်းက ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ပဉ္စမအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက၊ တရုတ်နှင့် အာဆီယံတို့သည် အိမ်နီးချင်းကောင်း ချစ်ကြည်ရေးနှင့် အပြန်အလှန် အကျိုးရှိစေရေးဖြစ်သည့် ထွန်းလင်းသော လမ်းကြောင်းအတိုင်း တက်လှမ်းနေပြီး ရှင်သန်မှုနှင့် အလားအလာ အရှိဆုံးသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး စံနမူနာကို တည်ထောင်ပါကြောင်း၊ တရုတ်-အာဆီယံ ဆက်ဆံမှုသည် အတိုင်းမသိ ကောင်းမွန်ပြီး ပိုမို ကောင်းမွန်မည်သာ ဖြစ်ကြောင်း တရုတ်နှင့်အာဆီယံ ဆက်ဆံမှုနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ပြောကြားခဲ့ပါသည်။