邹立莹

တစ်ကမ္ဘာလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် တရုတ်ကူညီထောက်ပံ့မှုနှင့်ပတ်သက်၍ လာအိုနာမည်ကျော်ပုဂ္ဂိုလ်များ ချီးကျူး

(GMT+08:00)2022-03-07 15:35:25  

တစ်ကမ္ဘာလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် တရုတ်ကူညီထောက်ပံ့မှုနှင့်ပတ်သက်၍ လာအိုနာမည်ကျော်ပုဂ္ဂိုလ်များ ချီးကျူး_fororder_1

တစ်ကမ္ဘာလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် တရုတ်ကူညီထောက်ပံ့မှုနှင့်ပတ်သက်၍ လာအိုနာမည်ကျော်ပုဂ္ဂိုလ်များ ချီးကျူး_fororder_2

တစ်ကမ္ဘာလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် တရုတ်ကူညီထောက်ပံ့မှုနှင့်ပတ်သက်၍ လာအိုနာမည်ကျော်ပုဂ္ဂိုလ်များ ချီးကျူး_fororder_3

 ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ် အစည်းအဝေးကို မတ်လ ၅ ရက်နေ့က ပီကင်းမြို့တွင် ဖွင့်လှစ်လိုက်ပါသည်။ လာအို နာမည်ကျော်ပုဂ္ဂိုလ်အချို့သည် တရုတ်ဝန်ကြီးချုပ် လီခေ့ချန်မှ အစည်းအဝေးတွင် အစိုးရလုပ်ငန်းအစီရင်ခံစာ တင်သွင်းခဲ့ခြင်းကို အလွန်အာရုံစိုက်ပြီး တရုတ်နိုင်ငံ၏ စီးပွားရေး နာလန်ပြန်ထူလာပြီး တစ်ကမ္ဘာလုံးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကူညီ ထောက်ပံ့ရန် တက်ကြွသော အဓိပ္ပါယ်ရှိကြောင်း ယူဆကြပါသည်။

      လာအိုစက်မှုလက်မှုနှင့်ကုန်သွယ်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Thanongsin Kanlaya က တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ရောဂါနှင့် ရင်ဆိုင်နေရသည့်အခြေအနေ မျိုး၌ တရုတ်နိုင်ငံ၏ စီးပွားရေးသည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းကို တစ်ကမ္ဘာလုံးက အာရုံစိုက်နေကြောင်း၊ ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက် ဆက်ဆံမှုသဘောတူစာချုပ်(RCEP)အဖွဲ့ဝင်နိုင်ငံအဖြစ် လာအိုနိုင်ငံသည် RCEP ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံငွေကို ဆွဲဆောင်ပြီး နိုင်ငံခြားဈေးကွက်ကို ဖွင့်ပေးကာ ပိုမို များပြားသော အလုပ်အကိုင်နေရာ ဖန်တီးပေးရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့ပါသည်။

      လာအိုအသံ ဒုတိယဌာနမှူး Sangkhane Choumkhamphanh က ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးတွင် အောင်မြင်မှုများ ရရှိခဲ့ပြီး ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူရေးအတွက် တက်ကြွသော အမှတ်လက္ခဏာ ဆောင်ကြဉ်း ပေးလာ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ် တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများအား ရောဂါကာကွယ်ဆေး၊ နှာခေါင်းစည်း၊ ကာကွယ်ရေးအင်္ကျီနှင့် Test Kit စသည့် ဆေးဝါးကုသရေးနှင့် ကယ်ဆေးရေးပစ္စည်းများကို ထောက်ပံ့ပေးပြီး နိုင်ငံကြီး တစ်နိုင်ငံ၏ တာဝန်ယူတတ်ခြင်းကို ပြဆိုနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

      လာအို-တရုတ်ချစ်ကြည်ရေးအသင်းမှ အတွင်းရေးမှူးချုပ်ဟောင်း Sikoun Bounvilay က တရုတ်အစိုးရမှ ပြည်သူ့ကောင်းကျိုးအတွက် ကြိုးပမ်းဆောင်ရွက်မှုကို တန်ဖိုးထားချီးကျူးခဲ့ပါသည်။ Sikoun Bounvilay က တရုတ်-လာအိုမီးရထားလမ်း တည်ဆောက်ပြီးစီးခြင်းနှင့် စတင်ပြေးဆွဲခြင်းမှာ Belt and Road အဆိုပြုချက်၏ အောင်ကျိုးရလဒ် ဖြစ်ကြောင်း၊ လာအိုနိုင်ငံ၏စီးပွားရေးနှင့် လူမှုရေး လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာစေပြီး လာအိုပြည်သူများအား လက်တွေ့ကျကျ အကျိုးစီးပွား ဆောင်ကြဉ်းပေးလာမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။