နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ ဒါရိုက်တာချုပ် Rafael Mariano Grossi က နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီအနေဖြင့် ယူကရိန်းနိုင်ငံ၏အခြေအနေကို အာရုံစိုက် နေကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြောကြားခဲ့ပြီး ဘက်အသီးသီးတို့အား တတ်နိုင်သမျှ ချုပ်ထိန်းကာ ယူကရိန်းနိုင်ငံ၏ နျူကလီးယားအဆောက်အအုံများ အန္တရာယ်များနှင့် ရင်ဆိုင်စေရသော ဆောင်ရွက်မှုမှန်သမျှကို ရှောင်ကြဉ်ရန် ပန်ကြား ခဲ့ပါသည်။
ဒါရိုက်တာချုပ် Rafael Mariano Grossi က နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ အနေဖြင့် ယူကရိန်းနိုင်ငံရှိ နျူကလီးယားလျှုပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အခြား နျူကလီးယားအဆောက်အအုံများ၏ လုံခြုံရေးနှင့် လုံခြုံမှုကာကွယ်ရေးတို့ကို အထူး အာရုံစိုက်ကြောင်း ပြောကြားခဲ့ပါသည်။
ဒါရိုက်တာချုပ် Rafael Mariano Grossi က နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ ညီလာခံတွင် ၂၀၀၉ ခုနှစ်က ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ကြောင်း၊ ငြိမ်းချမ်းရေး ရည်ရွယ်ချက်ဖြင့် အသုံးပြုသော နျူကလီးယားအဆောက်အအုံများအပေါ် မည်သည့် တိုက်ခိုက်မှုနှင့် ခြိမ်းခြောက်မှုမဆို ကုလသမဂ္ဂပဋိညာဉ်စာချုပ်၊ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ၏ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်ခြင်း ဖြစ်သည်ဟု ယင်းဆုံးဖြတ်ချက်တွင် သတ်မှတ်ထားကြောင်း အလေးထား ပြောကြား ခဲ့ပါသည်။