ဒီနေ့ ကျွန်တော်တို့ မျက်ရည်ထပ်ကျရပြန်ပါပြီ။
ဝမ်းနည်းမျက်ရည်မဟုတ်၊ ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်မျက်ရည်ပါ။
ဆောင်းအိုလံပစ်မီးရှူးကြီး ထပ်မံ တောက်လောင်နေပြန်ပြီ။
ကမ္ဘာတစ်ဝန်းမှလူသားများရဲ့ မျက်လုံးများအားလုံး
ဒီပြိုင်ပွဲကြီးဆီသို့ စုဆုံ၍ နေကြပြန်ပြီ။
ကျွန်တော်တို့ မျက်ရည်အခါခါကျတယ်
“အဝေးရောက်သားရဲ့မျက်ရည်”အဖြစ်ပေါ့။
မနေ့ကလည်း ကျွန်တော်တို့ မျက်ရည်ကျခဲ့ပြန်တယ်
ဝမ်းနည်းမျက်ရည်မဟုတ်၊ စိတ်လှုပ်ရှားတဲ့မျက်ရည်ပါ။
ဟောင်ကောင်-မကာအို..ပြန်လည်ရယူ
နှစ်တစ်ရာကျော်က…အရိပ်ဆိုး..ဆေးကြောနိုင်ခဲ့ပြီလေ။
မနက်ဖြန်လည်း..ကျွန်တော်တို့ ထပ်ပြီး မျက်ရည်ကျရအုံးမည်။
စိတ်အလှုပ်ရှားဆုံးအချိန်အတွက် မျက်ရည်ကျရတော့မည်။
ထိုင်ဝမ်-ပြည်မ ပြန်လည်ပေါင်းစည်းမည့်နေ့ပင် ဖြစ်ပါတော့သည်။
သားတို့ရဲ့ မျက်ရည်အားလုံး မိုးဖြိုင်ဖြိုင်အဖြစ် ရွာချတော့မည်။
မိခင်ကြီးကို ပို၍ ချစ်ပါသည်ဟု၊ အော်ဟစ်လိုက်ပါတော့သတည်း။
ဦးစက်တီ
ဤကဗျာဖြင့် ပီကင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကြီးနှင့် မိခင်တရုတ်နိုင်ငံအပေါ် ထားရှိသည့် တရုတ်နိုင်ငံသားတစ်ဦး၏ခံစားမှုကို ကဗျာဆရာက ဂုဏ်ပြု ရေးဖွဲ့ ထားပါ တယ်ရှင်။