洪荃诠

ဝမ်ယိသည်ဘရူနိုင်းနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည့် နှစ် ၃၀ပြည့်မြောက်ခြင်းအတွက် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးထံဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

(GMT+08:00)2022-02-23 17:56:17  

ဖေဖော်ဝါရီလ ၂၃ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဘရူနိုင်းနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည့်နှစ် ၃၀ပြည့်မြောက်ခြင်းအတွက် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးအယ်ရီဝမ်ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကိုပေးပို့ခဲ့ပါသည်။
ယင်းသဝဏ်လွှာတွင် ဝမ်ယိကလွန်ခဲ့သည့်နှစ်တွင် ဘရူနိုင်းနိုင်ငံသည် အာဆီယံသဘာပတိနိုင်ငံအဖြစ် အောင်မြင်စွာတာဝန်ထမ်းဆောင်ပြီး၊ တရုတ်-အာဆီယံဆက်ဆံရေးသည် နှစ် ၃၀ပြည့်ဖြစ်သည့်အခါသမယတွင်မြင့်တက်လာကြောင်း၊ မိမိသည် ဝန်ကြီးအယ်ရီဝမ်နှင့် ရင်းနှီးစွာဆက်ဆံပြီး နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်တို့၏ မဟာဗျူဟာလမ်းညွှန်မှုအောက်တွင် တရုတ်-ဘရူနိုင်းဆက်ဆံရေး ပိုမိုတိုးတက်ရန် တွန်းအားပေးကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ပိုမိုအကျိုးပြုရန် အားဖြည့်ဆောင်ရွက်လိုကြောင်းဖော်ပြသည်ဟုChina Media Group မှ သတင်းအရသိရပါသည်။