辛甜

လန်ချန်း- မဲခေါင် ညီနောင်များ

(GMT+08:00)2022-02-21 23:01:24  

ကံတူ အကျိုးပေး၊ မြစ်ကြီးနံဘေး

ချစ်ပြီး မွေးဖွား ပြည်သူများ။

 

လန်ချန်း-မဲခေါင်၊ မြစ်ကမ်းသောင်၌

ညီနောင် ချိုင်းနား၊ ကမ္ဘောဒီးယား မြန်မာ

လာအို ဗီယက်နမ်၊ ထိုင်း နိုင်ငံတည့်

တံတိုင်းနံရံ မခြား ၊ မိတ်ဆွေများ . . . ။

 

မြစ်ကြီးနံဘေး၊ စစ်မီး မွေး၍

ပစ်ပြီးပြေးသွား

အနောက်သားတို့၊ ဖောက်ပြားသည့်ဒဏ်။

 

မဲခေါင် ရေဆန်၊ ကြံ့ကြံ့ခံ ရ

ကာလလွန်မြောက်၊ တို့ ခေတ်ရောက်ပြီ။

 

လမ်းဖောက် တံတားဆောက်

ရေကြည်သောက်၍

ရွှေပြည်(၆)နိုင်ငံ

တည်ကြစို့။         

 

                  သီဟအောင်

 ဤကဗျာဖြင့် လန်ချန်းမဲခေါင် ညီနောင် ၆ နိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ကဗျာဆရာသီဟအောင်က ဂုဏ်ပြု ရေးဖွဲ့ထားပါသည်။