辛甜

ပေကျင်းအိုလံပစ် ၂၀၂၂

(GMT+08:00)2022-02-20 00:26:21  

ခုန်ပျံကျော်လွှား၊ အားကစားဖြင့်

ကြိုးစားယှဉ်ပြိုင်၊ ဘယ်သူ  နိုင်နိုင် . . .

သူတစ်ပါး မနိုင်၊ ‘လူသား’ နိုင်၏

အတူ ရင်ဆိုင်နိုင်သည့်အားမာန်များ။

 

အိုလံပစ်က၊ ရန်ပွဲ အစား ပြိုင်ပွဲများဖြင့်

လူသားစွမ်းရည် အောင်ပွဲဆီသို့

ချီတက်ရာလမ်း ညွှန်ပြဌာန်း၏

နည်းလမ်းတကျ ပြိုင်ဆိုင်ကြလော့။

 

ရာစုခေတ်သစ်၊ ဤ  ကျားနှစ်၌

စစ်မက်ရန်ဘေး၊ နိုင်ငံရေး ကင်း . . .

‘ပေကျင်း’ထုဆစ်၊ အမြင်သစ်ခဲ့

စနစ်မတူလည်း၊ စစ် မမူဘဲ

ခေတ်လူသားတိုင်း

ရိုင်းပင်းအတူချီ တူညီအနာဂတ်

အိုလံပစ်စိတ်ဓာတ်ဖြင့် . . . . . .။

 

ကမ္ဘာ့ပြဿနာ

ဖြေရှင်းအကြောင်းအရာတည်

‘ပေကျင်းဆောင်းရာသီ’အိုလံပစ်ပါတည်း။

 

                                       သီဟအောင်

ဤကဗျာဖြင့် ဘေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအား ဂုဏ်ပြုပါသည်။