洪荃诠

ရှီကျင့်ဖိန်သည် စင်ကာပူ သမ္မတ ဟာလီမာနှင့် တွေ့ဆုံ

(GMT+08:00)2022-02-06 17:31:05  

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖေဖော်ဝါရီလ ၆ရက်နေ့ နံနက်ပိုင်းက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ပီကင်းဆောင်းရာသီ အိုလံပစ် အားကစား ပြိုင်ပွဲသို့ တက်ရောက်သော စင်ကာပူ သမ္မတ ဟာလီမာနှင့် တွေ့ဆုံခဲ့ပါသည်။
ရှီကျင့်ဖိန်က နှစ် တစ်ရာ ပြောင်းလဲမှုအခြေအနေနှင့် ရာစုနှစ် ကူးစက်ရောဂါကို ရင်ဆိုင်ရာတွင် တရုတ်နှင့် စင်ကာပူ နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုကောင်းမွန်အောင် တိုးတက်ရမည် ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် စီမံခန့်ခွဲမှုကို အားဖြည့်ဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ ချိတ်ဆက်မှုကို နက်ရှိုင်းစေကာ နှစ်နိုင်ငံဆက်ဆံရေးကို ကိုဗစ်-၁၉ လွန်ချိန်တွင် ရေရှည် တည်ငြိမ်စွာ ဆက်လက်တိုးတက်ရန် တွန်းအားပေးရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုအကျိုးပြုပြီး ဒေသတွင်း စည်ပင်သာယာရေးကို မြှင့်တင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဟာလီမာက ပီကင်းဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသည် တရုတ်နိုင်ငံ၏ ထူးချွန်သော စွမ်းအားနှင့် အရည်အသွေးကို ပြည့်ပြည့်ဝဝ ပြသကြောင်း၊ ပီကင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကို အစိမ်းရောင်၊ လုံခြုံသည့်နည်းလမ်းဖြင့် ကျင်းပပြီး နိုင်ငံတကာ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည်ဟု ယုံကြည်ပါကြောင်း၊ စင်ကာပူနိုင်ငံအနေနှင့် တရုတ်နိုင်ငံနှင့်အတူ အချိန်နှင့် တပြေးညီ တိုးတက်ပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကာ အနာဂတ်သို့ အတူချီတက်လိုပါကြောင်း ပြောကြားခဲ့ပါသည်။