辛甜

ဆောင်းအိပ်မက်ထဲမှာ ပျံသန်းခြင်း အပိုင်း-၅

(GMT+08:00)2022-02-05 22:37:29  

 

ဆောင်းအိပ်မက်ထဲမှာ ပျံသန်းခြင်း အပိုင်း-၅_fororder_下载

တရုတ်နိုင်ငံမှာ ပီးကင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကြီးနဲ့ မသန်စွမ်းသူများ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကြီး ကျင်းပဖို့ တဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေ များစွာ ရှိလို့လာပါတယ်။ ဒီဇာတ်လမ်း ထဲမှာတော့ အိုလံပစ်အားကစားပြိုင်ပွဲဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေကို တရုတ်ပြည်မှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ရွှေနှင်းဆီဖြူဆိုတဲ့ မြန်မာသတင်းထောက် စာရေးဆရာမ တစ်ဦးက ထိတွေ့ခံစားမိရင်း ဒီဇာတ်လမ်းကို စတင် ရေးသားပါတော့တယ်။ ဒီဇာတ်လမ်းထဲမှာ ပီကင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ရေခဲပြင်ရှပ်ဘော လက်ရွေးစင် ကစားသမား အိုးရန်ရှီးရဲ့ ကစားသမားဘ၀ ကြိုးစားခဲ့ရပုံတွေကို စိတ်ဝင်စားဖွယ် သိရှိခံစား ရမယ့်အပြင် အိုလံပစ်ပြိုင်ပွဲနဲ့ တရုတ်နိုင်ငံရဲ့ အားကစားကဏ္ဍအပေါ်ထားရှိတဲ့ ရည်ရွယ် လုပ်ဆောင်ချက်ကောင်းများကို တွေ့မြင်သိရှိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းထဲမှာ တရုတ် လူမျိုးတို့ရဲ့ အိုလံပစ်စိတ်ဓာတ်ကိုရော စာရေးဆရာမက ဘယ်လိုဖော်ကျူးပြမလဲ။ ဆင်းရဲမှု၊ မိသားစု အကြပ်အတည်း၊ အားကစားအပေါ် တန်ဖိုးထားရှိမှု၊ ကြိုးစားလေ့ကျင့်မှုနဲ့ မျှော်လင့်ချက် ကောင်းရှိမှု စတဲ့အချက်တွေက ဒီဇာတ်လမ်းကို ဘယ်လိုဆွဲဆောင်မှုရှိရှိ ပုံပေါ်အောင် လုပ်ဆောင် သွားနိုင်မလဲဆိုတာ သိရှိစေဖို့ စုသက်မှူး(မရမ်းကုန်း) ရေးသားတဲ့  “ဆောင်းအိပ်မက်ထဲမှာ ပျံသန်းခြင်း” ရေဒီယို ဇာတ်လမ်းတွဲကို အခုပဲ ခံစား နားဆင် ကြည့်လိုက်ရအောင်လားရှင်။