ပီကင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် တရုတ်အားကစား ကိုယ်စားလှယ်အဖွဲ့ကို ဇန်နဝါရီလ ၂၇ ရက်နေ့က တရားဝင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ဦးရေသည် ယခင်နှင့်နှိုင်းယှဉ်ကြည့်လျှင် အများဆုံးဖြစ်ရုံသာမက ပြိုင်ပွဲအားလုံးတွင်လည်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ကျောက်လိကျန်းသည် ၂၈ ရက်နေ့က ပီကင်းဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့ကို တရားဝင်ဖွဲ့စည်းခြင်းအတွက် ဂုဏ်ပြု ကြောင်း ဖော်ပြသည်ဟု China Media Group မှသတင်းအရ သိရပါသည်။