နှစ်ကုန်ရက် မိသားစုညစာစားပွဲဟာ တရုတ်ရိုးရာပြက္ခဒိန် နှစ်ကုန်ရက်ညပိုင်း (၁၂ လ ၃၀ ရက်)တွင် မိသားစုဝင်အားလုံးသည် အတူတူထိုင်စားကြသည့် ညစာစားပွဲဖြစ်သည်။ ရိုးရာအတိုင်း ယင်းညစာစားပွဲတွင် ဟင်း ၁၂ ပွဲရှိကာ ဟင်းအအေး ၄ ပွဲ၊ ဟင်းအပူ ၈ ပွဲပါရှိသည်။ ဟင်းအအေး ၄ ပွဲသည် နှုတ်မြိန်စေသဖြင့် အရင်စားပြီးနောက် ဟင်းအပူများကို စားကြမည်။ ဟင်း ၈ ပွဲသည် ဟင်းသီးဟင်းရွက် ၄ ပွဲနှင့် အသားဟင်း ၄ ပွဲပါသည်။