洪荃诠

ရှီကျင့်ဖိန်နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူကျုံ တို့ နှစ်သစ်ကူး ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန်ပေးပို့

(GMT+08:00)2022-01-25 16:10:14  

ဇန်နဝါရီ ၂၅ ရက်က တရုတ်နှင့်ဗီယက်နမ်နှစ်နိုင်ငံတို့၏ ရိုးရာပွဲတော်ဖြစ်သည့် နွေဦးပွဲတော် ကျရောက်တော့မည့်အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူကျုံတို့သည် နှစ်သစ်ကူး ဝမ်းမြောက် ကြောင်း သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့သည်။ ရှီကျင့်ဖိန် နှင့် ငုယင်ဖူကျုံ တို့က နှစ်နိုင်ငံ သာယာဝပြောပြီး ပြည်သူများ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးကြပါသည်။