邹立莹

လာအိုနိုင်ငံ၌ ရစ်ခ်ျတာစကေး ၆ အဆင့် ရှိသည့် ငလျင်ကြီး လှုပ်ခတ်

(GMT+08:00)2021-12-27 11:21:45  

လာအိုနိုင်ငံ၌ ရစ်ခ်ျတာစကေး ၆ အဆင့် ရှိသည့် ငလျင်ကြီး လှုပ်ခတ်_fororder_微信图片_20211227111058

လာအိုနိုင်ငံ၌ ရစ်ခ်ျတာစကေး ၆ အဆင့် ရှိသည့် ငလျင်ကြီး လှုပ်ခတ်_fororder_微信图片_20211227111101

ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၉ နာရီ ၄၃ မိနစ်က လာအိုနိုင်ငံ ဖုန်းဆာလီပြည်နယ် ယို့ဦး ခရိုင်တွင် ရစ်ခ်ျတာစကေး ၆ အဆင့် ရှိသည့် ငလျင်ကြီး လှုပ်ခတ်ခဲ့ပါသည်။ ပဏာမ စာရင်းအရ ယင်း ငလျင် လှုပ်ခတ်မှုကြောင့် တရုတ်ယူနန်ပြည်နယ် ဖူလ်မြို့ ကျန်းချင်ခရိုင်တွင် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ၄င်းတို့အား အချိန်မီ ကယ်ဆယ် ကုသပေးပြီဖြစ်ကြောင်း ကျင်းချင်ခရိုင် ကွန်မြူနစ်ပါတီ ပြန်ကြားရေးဌာနမှ သတင်းအရ သိရသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ငလျင်ကြီးဖြစ်ပွားပြီးနောက် ကျန်းချင်ဒေသန္တရအစိုးရသည် အရေးပေါ် ဘေးဒုက္ခ ကယ်ဆယ်ရေး လုပ်ငန်းများကို လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ပြီး လူအများ၏ အသက်နှင့် ဥစ္စာဓနလုံခြုံရေးကို ထိပ်တန်းနေရာ၌ထားကာ လူသေကျေအနာတရ ဖြစ်မှု အခြေအနေကို ချက်ချင်း စုံးစမ်းစစ်ဆေးခဲ့ပါသည်။