邹立莹

တရုတ်နိုင်ငံက APEC ပါဝင်ပြီးနောက် အာရှ ပစိဖိတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် နက်ရှိုင်းစွာ ရောနှောပေါင်းစပ်လာ

(GMT+08:00)2021-12-27 14:19:50  

"၂၀၂၁ ခုနှစ် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး APEC အဖွဲ့ စက်မှုနှင့် ကုန်သွယ်မှု ခေါင်းဆောင်များ တရုတ် ဖိုရမ်" ကို ၂၅ ရက်နေ့က ပီကင်းမြို့တွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံသည် အာရှ ပစိဖိတ်နှင့် နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကွင်းဆက်များနှင့် ကုန်စည် ဖြန့်ဖြူးမှု ကွင်းဆက်များတွင် စဉ်ဆက်မပြတ် ရောနှောပေါင်းစပ်လာနေသည်ဟု ဖိုရမ် တက်ရောက်သူများက ယူဆကြပါသည်။ တရုတ်စက်မှုနှင့် ကုန်သွယ်မှု လောကက လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်မှ ဆောင်ကြဉ်းလာသော ကြီးမားသည့် အခွင့်အလမ်းများကို ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံ အသုံးချပြီး၊ ဒေသတွင်း စီးပွားရေး တစ်ပြေးညီ ဖြစ်စဉ်တွင် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှု ဖေါ်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း ဖေါ်ပြခဲ့ကြပါသည်။