邹立莹

အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ် တည်ထောင်ခြင်း ၆နှစ်ပြည့်ပြီ

(GMT+08:00)2021-12-27 11:22:23  

အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ်သည် ကမ္ဘာပေါ်တွင် ပထမဆုံးသော တရုတ်ပြည်၏ အဆိုပြုချက်ဖြင့် တည်ထောင်ခဲ့သော ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေး အဖွဲ့အစည်း ဖြစ်သည်။ ယခုနှစ်သည် ၄င်းဘဏ်တည်ထောင်ခဲ့သည့် ၆ နှစ်ပြည့်မြောက်နှစ် ဖြစ်သည်။ လွန်ခဲ့သည့် ၆နှစ်အတွင်း အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ်သည် ဘက်ပေါင်းစုံ ဝါဒကို တက်ကြွစွာ လက်တွေ့ ဖော်ဆောင်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အတွက် စံနမူနာသစ် ဖြစ်လာပြီ ဖြစ်သည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ စတင်တည်ထောင်ခဲ့သည့် အချိန်မှ ယခုနှစ် အောက်တိုဘာလ အထိ အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ်သည် လုပ်ငန်းအစီအစဉ် ၁၄၇ ခုကို ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏမှာ ကန်ဒေါ်လာ ၂၈့၉၇ ဘီလီယံ ရှိပြီ ဖြစ်ကြောင်း သိရသည်။

အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ် ဥက္ကဋ္ဌ ကျင်းလိချွင်က အနာဂတ်တွင် အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ်သည် ဘက်ပေါင်းစုံ ဝါဒကို ဆက်လက် လက်တွေ့ ကျင့်သုံးပြီး ပိုမိုများပြားသည့် ဘက်ပေါင်းစုံ အဖွဲ့အစည်းများ၊ လုပ်ငန်းဌာနများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားသည်။