ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် တရုတ်နိုင်ငံ ဟိုဘေပြည်နယ် တတိယ အကြိမ်မြောက် ဆီးနှင်းရေခဲ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပေါင်တင့်မြို့ လိုင်ယွမ်ခရိုင်ရှိ နိုင်ငံတော် ဆီးနှင်းစင်မြင့်ခုန် နှင်းလျှောစီးလေ့ကျင့်ရေးစခန်းတွင် ကျင်းပ ခဲ့ပါသည်။ ယခုအကြိမ် ဆီးနှင်းရေခဲ အားကစားပြိုင်ပွဲ၏ ဆောင်ပုဒ်သည် “အတူ နှင်းလျှောစီး၊ အတူ ဆောင်းရာသီအိုလံပစ်ကို ကြိုဆို၊ အနာဂတ်သို့ အတူချီတက်ကြရအောင်” ဖြစ်ပါသည်။
ယခုအကြိမ် ဆီးနှင်းရေခဲ အားကစားပြိုင်ပွဲကို ဟိုဘေပြည်နယ်မှ မြို့၁၄ မြို့၊ တက္ကသိုလ်ကောလိပ်ကျောင်း ၆၈ ကျောင်းမှ ကိုယ်စားလှယ်အဖွဲ့ ၈၂ ဖွဲ့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရွေးစင်များတွင် အသက်အငယ်ဆုံးမှာ ၇နှစ်သာရှိပြီး အကြီးဆုံးမှာ အသက် ၆၀ ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။