邹立莹

ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ် ကာကွယ်ထိန်းသိမ်းမှုနယ်ပယ်တွင် တရုတ် ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့သည်ဟု တရုတ်နိုင်ငံဆိုင်ရာ ယူနက်စကိုအဖွဲ့ ကိုယ်စားလှယ် ယူဆ

(GMT+08:00)2021-12-27 11:23:56  

တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ကိုယ်စားလှယ် Shahbaz Khan သည် မကြာမီက China Media Group မှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝ အမွေအနှစ် ကာကွယ်ထိန်းသိမ်းမှုနယ်ပယ်တွင် ကြီးမားသော အောင်မြင်မှုများ ရရှိပြီး ကမ္ဘာ့ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရန် အကျိုးပြုစွမ်းဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ သက်ဆိုင်ရာအတွေ့အကြုံများအား “Belt and Road”အဆိုပြုချက်ဖြင့် အခြားနိုင်ငံများထံသို့ မျှဝေပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။