邹立莹

မြန်မာနိုင်ငံ မန္တလေးမြို့၌ ကားအား လက်လုပ်ဗုံးဖြင့် ဖေါက်ခွဲခံရမှုကြောင့် လူ(၁)ဦး ဒဏ်ရာရရှိ

(GMT+08:00)2021-12-27 11:24:31  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၌ အဖြူရောင်ကားတစ်စီး လက်လုပ်ဗုံးဖြင့် ပြင်းထန်စွာ ပစ်ခတ်ခံခဲ့ရသောကြောင့် အနီးရှိ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအမျိုးသမီးကို ကုသပေးရန်အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

လက်လုပ်ဗုံးဖြင့် ဖေါက်ခွဲခံခဲ့ရသော ကား၏ပိုင်ရှင်သည် တပ်သားတစ်ဦး ဖြစ်ပြီး မှုခင်းဖြစ်ပွားရာတွင် ပိုင်ရှင်သည် ကားထဲတွင် မရှိကြောင်း သတင်းရရှိပါသည်။

မြန်မာရဲဖက်သည် မှုခင်းဖြစ်ပွားရာနေရာအနီးတဝိုက်၌ စုံစမ်းစစ်ဆေးမှု ဆောင်ရွက် ခဲ့သော်လည်း လက်ရှိအချိန်အထိ တိုးတက်မှုမရရှိသေးကြောင်း သတင်းရရှိပါသည်။