邹立莹

တရုတ်အာကာသယာဉ်မှူးများသည် ပထမဆုံးအကြိမ် အာကာသ၌ နှစ်သစ်ကူးတော့မည်

(GMT+08:00)2021-12-27 11:19:57  

 တရုတ်လူပါအာကာသလုပ်ငန်းရုံးမှ သတင်းအရ ပီကင်းစံတော်ချိန် ဒီဇင်ဘာလ ၂၇ ရက်နေ့ သုညနာရီ ၅၅ မိနစ်တွင် ရှင်ကျိုး အမှတ်-၁၃ အာကာသယာဉ်မှ အာကာသယာဉ်မှူးများသည် ၆ နာရီကြာအချိန်ဖြင့် ဒုတိယအကြိမ် အာကာသယာဉ် အပြင်သို့ထွက်ပြီး သတ်မှတ်ထားသည့် တာဝန်အားလုံးကို ချောမောအောင်မြင်စွာ ပြီးအောင် ထမ်းဆောင်ခဲ့၍ အာကာသယာဉ်မှူး ကျိုင်ကြည့်ကမ်းနှင့် ယဲ့ကွမ်ဖုတို့သည် ထျန်းဟို ပင်မ အာကာသစခန်းသို့ ဘေးကင်းစွာ ပြန်ဝင်ခဲ့ပြီ ဖြစ်ကြောင်း၊ ယင်းသည် အာကာသစခန်း၌ တရုတ်အာကာသယာဉ်မှူးများက စတုတ္ထ အကြိမ် အာကာသ အပြင်သို့ ထွက်ပြီး တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

   ဆက်လက်ပြီး တရုတ်အာကာသယာဉ်မှူးများသည် လာမည့်အဆင့်ကာလ ကမ္ဘာ ပတ်လမ်းကြောင်း၌ လုပ်ငန်းတာဝန်များကို ထမ်းဆောင်မည်ဖြစ်ပြီး ပထမဆုံးအကြိမ် အဖြစ် အာကာသ၌ နှစ်သစ်ကူးတော့မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။