宋冉

ယူနန်ပြည်နယ်တွင် ပြည်နယ်ဖြတ်ကျော် ခရီးသွား လုပ်ငန်း ယာယီ ရပ်ဆိုင်း

(GMT+08:00)2021-12-26 15:13:18  

၂၅ ရက်နေ့က ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဌာနသည် ပြည်နယ်ဖြတ်ကျော် ခရီးသွား လုပ်ငန်း ရပ်ဆိုင်းကြောင်း အရေးပေါ် အကြောင်းကြားလွှာကို ထုတ်ပြန်ခဲ့သည်။ ကူမင်းမြို့ရှိ မြို့နယ် တစ်ခုကို ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်ဖွယ်ရာ အန္တရာယ်နည်းသောဒေသမှ အန္တရာယ်အလယ်အလတ်ဒေသအဖြစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က ပြုပြင် တိုးမြှင့် ခဲ့သဖြင့် ယူနန်ပြည်နယ်သည် ပြည်နယ်ဖြတ်ကျော် ခရီးသွား လုပ်ငန်းများကို  ယာယီ ရပ်ဆိုင်းမည် ဖြစ်သည်။

ယခင်က ကြေညာထားသည့် ကုန်းတွင်းနယ်စပ်ဂိတ် ခရိုင်နှင့်မြို့ ၁၉ ခုသည် ပြည်နယ်ဖြတ်ကျော် ခရီးသွား လုပ်ငန်းများကို ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့အထိ ရပ်ဆိုင်းထားမည်ဖြစ်သည်။