宋冉

အမေရိကန်ပင် အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း ဖြစ်ရပ်များ အမှန်တကယ် တည်ရှိသောနိုင်ငံ ဖြစ်သည်ဟု ရှင်းကျန်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဆို

(GMT+08:00)2021-12-26 14:56:05  

 အမေရိကန်အစိုးရက ဝေဂါ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း ကြိုတင်ကာကွယ်ရေး ဥပဒေကြမ်းကို အတည်ပြုခဲ့ခြင်းနှင့် ပတ်သက်ပြီး ယခုလ ၂၅ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြည်သူ့အစိုးရ ပြောရေးဆိုခွင့်ရှိသူ ရွှီကွေ့ရှမ်က အမေရိကန်ပင် အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း ဖြစ်ရပ်များ အမှန်တကယ် တည်ရှိသောနိုင်ငံ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ရွှီကွေ့ရှမ်က အမေရိကန်တွင် နှစ်ရာပေါင်းများစွာ ကြာမြင့်သော လူမဲလူကျွန်များအား ကုန်ကူးရောင်းဝယ်၊ ညှဉ်းပန်းနှိပ်စက်၊ အထင်သေးမှုသမိုင်း ရှိပြီး အတင်းအဓမ္မ အလုပ် လုပ်ခိုင်းခြင်းသည် အမေရိကန် ထွန်းသစ်စသမိုင်းတွင် ထာဝစဉ် သုတ်ပစ်နိုင်မည် မဟုတ်သော အမဲစက် ဖြစ်ကြောင်း၊ လူကျွန်များကို ကုန်ကူးရောင်းဝယ်ခြင်းဖြင့် စတင်သော အမေရိကန်သည် ယနေ့အထိ ခေတ်မီ လူကျွန်စနစ် နိုင်ငံ တစ်နိုင်ငံ ဖြစ်နေသေးကာ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း ဖြစ်ရပ်များသည် ပြင်းထန်ဆိုးဝါးနေသေးကြောင်း ပြောကြားပါသည်။