宋冉

နိုင်ငံတကာပဋိညာဉ်စာချုပ်သတ်မှတ်ချက်အရ ရှင်းကျန်း၌ “အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း” လုံးဝ မတည်ရှိဟု ရှင်းကျန်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဆို

(GMT+08:00)2021-12-26 14:58:23  

ရှင်းကျန်းမှ တိုင်းရင်းသားပေါင်းစုံမှပြည်သူများ၏ အလုပ်လုပ်ကိုင်မှု အခွင့်အရေး အရပ်ရပ်ကို ဥပဒေအရ ထိန်းသိမ်းကာကွယ်မှုအခြေအနေနှင့်စပ်လျဉ်း၍ ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအစိုးရမှ ပြောရေးဆိုခွင့်ရှိသူ အာနာအီတီက တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများသည် ကိုယ့်ဆန္ဒအလျောက် အလုပ်လုပ်ကိုင်ပြီး ကိုယ့်ဆန္ဒအလျောက် အလုပ်ကိုရွေးချယ်ကာ ဝေဂါလူမျိုး အပါအဝင် တိုင်းရင်းသားပေါင်းစုံမှ လုပ်သားများ၏ အခွင့်အရေးအရပ်ရပ်သည် တရုတ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အလုပ်အကိုင်ဥပဒေ၊ အလုပ်အကိုင် ကန်ထရိုက်ဥပဒေ၊ အလုပ်အကိုင်နေရာချထားမှု တိုးမြှင့်ရေးဥပဒေ စသောဥပဒေများ၏ထိန်းသိမ်းကာကွယ်မှု ခံထားပါကြောင်း ၂၅ရက်နေ့က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။