宋冉

တရုတ် အမျိုးသား ပြဇာတ်ရုံ တည်ထောင်ခြင်း နှစ် ၂၀ ပြည့် အခါသမယတွင် ရှီကျင့်ဖိန်သည် ဇာတ်ရုံမှ အနုပညာရှင်များအား စာပြန်

(GMT+08:00)2021-12-26 15:03:59  

တရုတ်အမျိုးသား ပြဇာတ်ရုံ တည်ထောင်ခြင်း နှစ် ၂၀ ပြည့် အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဒီဇင်ဘာလ ၂၅ရက်နေ့တွင် ဇာတ်ရုံမှ အနုပညာရှင်များအား စာပြန်ပြီး ဇာတ်ရုံမှ သရုပ်ဆောင်များနှင့် ဝန်တမ်းများအား လှိုက်လှိုက်လှဲလှဲ ထောမနာပြုကြောင်း၊ စိတ်ရင်းသန့်သန့်ဖြင့် နှုတ်ခွန်းဆက်သကြောင်း ရေးသားဖော်ပြပါသည်။

ရှီကျင့်ဖိန်က အားလုံးသည် ဆက်လက်ကြိုးစားပြီး တရုတ်ဇာတ်လမ်းပုံပြင်များကို ကောင်းကောင်းမွန်မွန် ပုံဖော်၍ ခေတ်သစ် အနုပညာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ စိတ်ပိုင်း သာယာဝပြောရေးအတွက် အကျိုးပြုစွမ်းဆောင်ရန် မျှော်လင့်ကြောင်း အလေးထားဖော်ပြပါသည်။