宋冉

တရုတ် ဝါဂွမ်း အသင်းသည် အမေရိကန် အစိုးရ၏ လူ့အခွင့်အရေး အကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံ၏ ဝါဂွမ်း အထည်အလိပ်လုပ်ငန်းကို ဖိနှိပ်ခြင်းအား ပြတ်ပြတ်သားသား ကန့်ကွက်

(GMT+08:00)2021-12-26 15:07:53  

အမေရိကန်သည် ဒေသစံတော်ချိန် ဒီဇင်ဘာလ ၂၃ရက်နေ့တွင် ဝေဂါ အတင်းအဓမ္မ အလုပ် လုပ်ခိုင်းခြင်း ကြိုတင်ကာကွယ်ရေး ဥပဒေကြမ်းကို အတည်ပြုခဲ့ပါသည်။ ယင်းဥပဒေကြမ်းတွင် ရှင်းကျန်းထုတ်လုပ်သော ကုန်ပစ္စည်းအားလုံးကို “အတင်းအဓမ္မ အလုပ် လုပ်ခိုင်းခြင်း” ထုတ်ကုန်အဖြစ် သတ်မှတ်ထားသည့်အပြင် ရှင်းကျန်းမှ သက်ဆိုင်ရာ ထုတ်ကုန်များ တင်သွင်းခြင်းကိုလည်း တားမြစ်ပိတ်ပင်ထားပါသည်။    ယင်းနှင့်ပတ်သက်ပြီး ဒီဇင်ဘာလ ၂၅ရက်နေ့တွင် တရုတ် ဝါဂွမ်း အသင်းသည်  ကြေညာချက်တစ်ရပ်ကို တည်ကြည်လေးနက်စွာ ထုတ်ပြန်ရာတွင် အမေရိကန်အစိုးရကို ပြင်းပြင်းထန်ထန် အပြစ်တင်ရှုတ်ချကြောင်း၊ လူ့အခွင့်အရေး အကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံ၏ ဝါဂွမ်း အထည်အလိပ်လုပ်ငန်းကို ဖိနှိပ်ခြင်းလုပ်ရပ်အား ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ဖော်ပြခဲ့ပါသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။