李悦

ရှီကျင့်ဖိန်နဲ့တွေ့ဆုံခြင်း- ဒီလောက်ကြီးတဲ့ နိုင်ငံရဲ့ ထိပ်သီးခေါင်းဆောင်အဖြစ် တာဝန် ထမ်းဆောင်တာ အင်မတန် ခက်တယ်၊ ကောင်းမွန်စွာ တာဝန်ထမ်းဆောင်နိုင်တာ ပိုပြီးခက်တယ်။

(GMT+08:00)2021-12-16 09:12:55  

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ အဲဒီအချိန်က တရုတ် နိုင်ငံတော် ဒုဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်တဲ့ ရှီကျင့်ဖိန်က တူရကီနိုင်ငံကို ခရီးလှည့်လည်ခဲ့တယ်။ တူရကီဘက်မှ ထိပ်တန်း ဘာသာပြန် နိုယန် ရိုနာဟာ အင်မတန် ဝမ်းသာမိတယ်။ သူက ရှီကျင့်ဖိန်ဟာ သူ့နဲ့ တရုတ် “တစ်နယ်တည်းသား” ဖြစ်တယ်လို့ ထင်မိတယ်။

၂၀၁၂ ခုနှစ် မေလမှာ တရုတ်ပြည်သို့ တူရကီ ဝန်ကြီးချုပ်နဲ့အတူ လိုက်ပါလာသော နိုယန် ရိုနာက ရှီကျင့်ဖိန်ကို ထပ်မံ တွေ့ဆုံခွင့်ရခဲ့တယ်။ သူက “တရုတ်လို ပြောတာ ကောင်းတယ်”လို့ ရှီကျင့်ဖိန်ရဲ့ ချီးကျူးစကား ကြားရတော့ နိုယန် ရိုနာက ကလေးလို ရယ်တယ်။ သူက ရှီကျင့်ဖိန်ရဲ့ ချစ်ခင်ရင်းနှီးမှုကို ခံစားမိတယ်။

၂၀၁၄ ခုနှစ်မှာ နိုယန် ရိုနာက ရှန်ဟိုင်းမှာ ရှီကျင့်ဖိန်နဲ့ တတိယ အကြိမ် ထပ်မံတွေ့ဆုံခွင့်ရပြန်တယ်။ လက်ဆွဲနှုတ်ဆက်တဲ့အခါမှာ နိုယန် ရိုနာက ရှီကျင့်ဖိန်ကို “ကျွန်တော်ဟာ ၂၀၁၂ ခုနှစ်က ခင်ဗျားရဲ့ တူရကီ ခရီးစဉ်အတွင်း ဘာသာပြန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးတယ်”လို့ ပြောကြားတယ်။ ရှီကျင့်ဖိန်က “ရေစက်ဆုံလို့ နောက်တစ်ကြိမ် တွေ့ဆုံတယ်”လို့ ဝမ်းသာစွာ ပြောကြားတယ်။

နိုယန်က ကျွန်တော် အရမ်းကံကောင်းတယ်၊ တရုတ်ပြည်မှာ ၃၈ နှစ်ကြာ နေခဲ့ဖူးရုံတင်မကဘဲ  ရှီကျင့်ဖိန်နဲ့ ၃ကြိမ်တိုင်တိုင် တွေ့ဆုံခွင့်ရခဲ့တာကြောင့်လည်း ဖြစ်တယ်လို့ ပြောကြားတယ်။