李悦

ဝမ်ယိနှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဆယ်ဖတင်တို့သည် တရုတ်-မလေးရှား ပူးပေါင်းဆောင်ရွက်ရေး အဆင့်မြင့်ကော်မရှင် ပထမဆုံးအကြိမ်အစည်းအဝေးကို ကြီးမှူးကျင်းပ

(GMT+08:00)2021-12-05 12:34:19  

ဒီဇင်ဘာလ ၄ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့်  မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆယ်ဖတင်တို့သည် တရုတ်-မလေးရှား ပူးပေါင်း ဆောင်ရွက်ရေး အဆင့်မြင့်ကော်မရှင်ပထမဆုံးအကြိမ်အစည်းအဝေးကို တရုတ်ပြည် ကျဲ့ကျန်းပြည်နယ် အန်းဂျီမြို့တွင် အတူ ကြီးမှူးကျင်းပခဲ့သည်။

 နှစ်ဖက်တို့သည် ရောဂါပြီးခေတ်တွင် ပိုမိုခိုင်မာသော တရုတ်-မလေးရှား ဘက်စုံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံမှုတည်ဆောက်ရန် သဘောတူညီမှုရရှိကြောင်း၊ ထို့အပြင်၊ လာမည့် အဆင့်ကာလတွင်  အဓိကပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်း ကျယ်ပြန့်သော သဘောတူညီမှု ရရှိခဲ့ကြောင်း၊  ယင်းထဲတွင် မဟာဗျူဟာမြောက်ကူးလူးဖလှယ်မှုကို ရင်းနှီးစွာ ပြုလုပ်ပြီး နိုင်ငံရေးအပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်ရေး၊ ကပ်ရောဂါတိုက်ဖျက်မှုပူးပေါင်းဆောင်ရွက်ရေး ဆက်လက် တွန်းအားပေးခြင်း၊ “Belt and Road”အတူတည်ဆောက်မှု နက်ရှိုင်းစေရေးနှင့် စီးပွားရေးနာလန်ပြန်ထူရေး အရှိန်မြှင့် ဆောင်ရွက်ခြင်း ၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစူးစိုက်ပြီး တစ်ကမ္ဘာလုံးဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်ကို တွန်းအားပေးခြင်း၊ ပြည်သူများ အကြား ပိုမိုသိရှိနားလည်အောင် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး အားဖြည့်ပြုလုပ်ခြင်း၊ အရှေ့အာရှပူးပေါင်းဆောင်ရွက်မှုကို ဦးဆောင်ပြီး ဒေသတွင်း ငြိမ်းချမ်းမှု ထိန်းသိမ်းကာကွယ်ရေးစသည်များ ပါဝင်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။