邹立莹

စင်ကာပူသည် အရှေ့အလယ်ပိုင်း ၃ နိုင်ငံနှင့် ချမှတ်ထားသော ကာကွယ်ဆေးထိုးနှံထားပြီးသူများ အတွက် ခရီးသွားလာရေးလမ်းကြောင်း(စင်္ကြံ) ဖွင့်ပေးခြင်းဆိုင်ရာ အစီအစဉ်ကို ရွှေ့ဆိုင်း

(GMT+08:00)2021-11-29 11:58:20  

စင်ကာပူ ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့သည် နိုဝင်ဘာလ ၂၈ ရက်နေ့က ကြေညာချက်တစ်ရပ်ထုတ်ပြန်ရာတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ် မျိုးကွဲသစ် Omicron ပျံ့နှံ့ကူးစက်မှုကို တင်းကျပ်စွာ ထိန်းချုပ်ရန် စင်ကာပူနိုင်ငံသည် ကာတာ၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများ နိုင်ငံများနှင့် မူရင်းက ချမှတ်ထားသော ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်ဆောင်ရွက်မည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားပြီးသူများအတွက် ခရီးသွားလာရေးလမ်းကြောင်း (စင်္ကြံ) ဖွင့်ပေးခြင်း ဆိုင်ရာ အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ပြီး ပြန်လည်စတင်မည့်အချိန်ကို သီးခြား ကြေညာမည် ဖြစ်ကြောင်း ဖော်ပြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။