马宁

တရုတ်မြန်မာ မီးရထားလမ်း ဖေါက်လုပ်ရေး ကူမင်း-ကျောက်ဖြူ စီမံကိန်းဟာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖေါက်လုပ်သင့်ပြီး နှစ်နိုင်ငံ အကျိုးရှိမည့် လုပ်ငန်းတစ်ရပ်ဖြစ်

(GMT+08:00)2021-11-24 21:08:52  

  မကြာမီက Belt and Road တစ်လျှောက် အထင်ကရ အစီအစဉ်အဖြစ် တရုတ်-လာအိုမီးရထားလမ်း လာအိုပိုင်းသည် ခရီးသည်တင်ရန် ဝန်ဆောင်မှု အချက်အလက် စနစ်ကို ထိန်းညှိစမ်းသပ်ပြီ ဖြစ်ပြီး တရုတ်-လာအိုမီးရထားလမ်းတရားဝင် ပြေးဆွဲတော့မှာဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။ ၄င်းနှင့်ပတ်သက်ပြီး ယခုလ ၂၄ ရက်နေ့က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်၊ အထက်မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းဥက္ကဌ ဆရာဦးဌေးအောင်သည် CMGသတင်းထောက်ရဲ့ မေးမြန်းချက်များကို ဖြေကြားခဲ့ရာ တရုတ်မြန်မာ မီးရထားလမ်း ဖေါက်လုပ်ရေး ကူမင်း-ကျောက်ဖြူ စီမံကိန်းဟာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖေါက်လုပ်သင့်ပြီး နှစ်နိုင်ငံ အကျိုးရှိမည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ယနေ့ ကမ္ဘာကြီးဟာ ရွာကြီး တစ်ရွာဖြစ်လို့ ကျွန်တော် တို့ဟာ နိုင်ငံ ဖွံဖြိုးတိုးတက်ဘို့အတွက် လုပ်သင့်တာတွေလုပ်ရပါမယ်။ မြန်မာ ပြည်အလယ်ပိုင်းလည်း မီးရထားလမ်းကြောင့် ဖွံဖြိုးတိုးတက်ဘို့ အလားအလာကောင်းတွေရှိပါတယ်။ One Belt One Road စီမံကိန်း သည် မြန်မာ ပြည်ရဲ့ ကုန်သွယ်မှု ပိုမိုဖွံ့ဖြိုးစေပြီး ရခိုင် ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး ၊ ရှမ်းပြည်နယ်စတဲ့ ရထားလမ်းတစ်လျှောက် စီးပွားရေး ပိုမိုဖွံ့ဖြိုးလာမှာဖြစ်ကြောင်း၊ တရုတ်-မြန်မာ ရထားလမ်းသည် တရုတ်-မြန်မာအေးအတူ ပူအမျှသော ကံကြမ္မာတူ အသိုင်းအဝိုင်းကိုလက်တွဲ တည်ထောင်ရန် အရေးကြီးသောသင်္ကေတတစ်ရပ် ဖြစ်လာမည်လို့ ပြောကြားခဲ့ကြောင်း သိရပါသည်။