马宁

တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံမှု ထားရှိခဲ့သည့်နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးတွင် ဥက္ကဋ္ဌရှီကျင့်ဖိန်၏ မိန့်ခွန်းကို နိုင်ငံအများအပြားမှ ပုဂ္ဂိုလ်များ ချီးကျူး

(GMT+08:00)2021-11-23 15:33:00  

  တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ယခုလ ၂၂ ရက်နေ့က ပီကင်းမြို့၌ ဗီဒီယိုပုံစံဖြင့် ကျင်းပသည့် တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံမှု ထားရှိခဲ့သည့်နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါ သည်။ တရုတ်-အာဆီယံ ဆက်ဆံရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် အရည်အသွေး အဆင့်မြှင့်တင်မှုသည် ဒေသတွင်း ပေါင်းစည်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိရောက်စွာ မြှင့်တင်ပေးပြီး ပြည်သူများ၏ သုခချမ်းသာမှုကို မြှင့်တင်ပေးကာ ကမ္ဘာကို အကျိုးပြုသည်ဟု နိုင်ငံအများအပြားမှ ပုဂ္ဂိုလ်များက ယူဆကြပါသည်။

  မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးကောလိပ်မှ ပါမောက္ခ တစ်ဦးက အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ အတွင်း အပြုသဘော ဆောင်ပြီး ရှင်သန်မှုရှိသော ဆွေးနွေးရေး ဆက်ဆံမှုကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်သောနယ်ပယ် ကျယ်ပြန့်ကာ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြီးမားသော အကျိုးဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အနာဂတ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ပူးတွဲတိုက်ဖျက်ရန်နှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးရန်အတွက် နှစ်ဖက်စလုံးသည် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုများနှင့် ကူးလူးဖလှယ်မှုများ ဆက်လက်ဆောင်ရွက် သွားမည်ဟု ယုံကြည်ကြောင်း ပြောကြားပါသည်။