朱蕾

တရုတ်က မြန်မာအား လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်း ရန်ကုန်သို့ ထပ်မံ ရောက်ရှိ

(GMT+08:00)2021-11-22 11:54:22  

图片默认标题_fororder_微信图片_20211122114536

နိုဝင်ဘာလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တွင် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်သည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး (Doses) ၃သန်းထဲမှ ဒုတိယအသုတ်နှင့် တတိယအသုတ်အနေဖြင့် စုစုပေါင်း ကာကွယ်ဆေး၂ သန်းသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင် ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းအရ သိရပါသည်။

စာရင်းကောက်ယူမှုများအရ ကပ်ရောဂါ ဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး စုစုပေါင်း ၃၈့၇၉ သန်း ထောက်ပံ့ပေးခဲ့ရာ ၄င်းတို့အနက် ၈့၉သန်းသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်း ပေးအပ်ခြင်း ဖြစ်ပြီး ၂၈့၈၉ သန်းသည် မြန်မာနိုင်ငံမှ ဝယ်ယူခြင်းဖြစ်ကာ မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အင်တိုက် အားတိုက် ကူညီခဲ့ပါသည်။