朱蕾

တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံမှု ထားရှိသည့် အနှစ်၃၀ ပြည့်မြောက်နှစ် အထိမ်းအမှတ်ထိပ်သီး အစည်းအဝေးနှင့်ပတ်သက်သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောဆိုချက်

(GMT+08:00)2021-11-20 12:27:08  

 နိုဝင်ဘာလ၁၉ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်-အာဆီယံဆွေးနွေးဖက် ဆက်ဆံမှု ထားရှိသည့် အနှစ်၃၀ပြည့်မြောက်နှစ် အထိမ်းအမှတ်ထိပ်သီး အစည်းအဝေးနှင့်ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြား ရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူကျောက်လိကျန်း က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထပ်သီးခေါင်းဆောင်များနှင့်အတူ တရုတ်-အာဆီယံဆက်ဆံမှု ထားရှိသည့် အနှစ်၃၀အတွင်းတွင် ရရှိခဲ့သော အောင်မြင်မှုများနှင့် အတွေ့အကြုံများကို ပေါင်းရုံးသုံးသပ်ပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ရေးဆွဲချမှတ်ကာ နှစ်ဖက်ဆက်ဆံရေးအတွက် ဦးဆောင်လမ်းပြမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က အာဆီယံအဖွဲ့သည် တရုတ် နိုင်ငံ၏ အိမ်နီးချင်းနှင့် အရေးကြီးသော ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဖြစ် ကြောင်း၊ ၁၉၉၁ခုနှစ်မှစ၍ ဆွေးနွေးဖက်ဆက်ဆံမှု ထားရှိပြီးနောက် နှစ်ဖက် ဆက်ဆံမှုသည် အလျန်အမြန်ဖွံ့ဖြိုးတိုးတက်လာပြီး တစ်ဦး၏ အတိုင်းအတာ အကြီးမားဆုံးသော ကုန်သွယ်ဖက်၊ ရှင်သန်မှုအရှိဆုံးသော ပူးပေါင်း ဆောင်ရွက်မှုမိတ်ဖက်၊ အနှစ်သာရအရှိဆုံးသော မဟာဗျူဟာမြောက် မိတ်ဖက်ကို တစ်ဦးက ဖြစ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။