邹立莹

တရုတ်-ကမ္ဘောဒီးယား ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုအကြောင်းကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

(GMT+08:00)2021-11-19 10:53:52  

မကြာခင်က ကမ္ဘောဒီးယားသို့ တရုတ်နိုင်ငံမှ ပံ့ပိုးကူညီပေးသော သတ္တမအသုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ကမ္ဘောဒီးယားသို့ ရောက်ရှိခဲ့သည်။ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ် နိုင်ငံသည် ပြည်တွင်းထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ခြွင်းချက်ဖြင့် ဈေးကွက်တွင် တင်ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံကို ပထမဆုံး ပံ့ပိုးပေးပြီး အခက်အခဲများကို ကျော်လွှား၍ ကမ္ဘောဒီးယားအား ကာကွယ်ဆေး ဖြန့်ဖြူးမှုကို အာမခံပေးခဲ့ကြောင်း၊ ယင်းသည် ကံကြမ္မာတူ အသိုက်အဝန်း၏ အနက်အဓိပ္ပါယ်ကို ပေါ်လွင်စေခဲ့ကြောင်း ပြောကြားပါသည်။