邹立莹

မန္တလေးတိုင်းဒေသကြီးတွင် ကုန်တင်ရထားတစ်စီး လမ်းချော်တိမ်းမှောက်မှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိ

(GMT+08:00)2021-11-19 10:49:05  

မန္တလေးတိုင်းဒေသကြီးတွင် ကုန်တင်ရထားတစ်စီး လမ်းချော်တိမ်းမှောက်မှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိ_fororder_微信图片_20211119103611

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် ယခုလ ၁၇ ရက်နေ့ ညနေပိုင်းက ကုန်တင်ရထားတစ်စီး လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားသဖြင့် လူ ၂ ဦး သေဆုံးပြီး၊ ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု  မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနမှ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

   ဒေသစံတော်ချိန် ၁၇ ရက်နေ့ ညနေပိုင်းက တောင်ငူမြို့မှ မန္တလေးသို့ သွားသည့် ကုန်တင်ရထားတစ်စီးသည် နွားများနှင့် တိုက်မိသဖြင့် ရထားမောင်းသူနှင့် အမှုထမ်းတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး၊ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒေသဆိုင်ရာ မီးသတ်ဌာနသည် အခင်း ဖြစ်ပွားရာနေရာသို့ အလျင်အမြန် ရောက်ရှိပြီး ရထားပေါ်ရှိ အခြားအမှုထမ်းများအား ထိုနေ့ညက ကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်းအရ သိရသည်။