邹立莹

တရုတ်ပြည်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထောက်ပံ့ကူညီသော သတ္တမအသုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဖနွမ်းပင်မြို့သို့ ရောက်ရှိ

(GMT+08:00)2021-11-19 16:05:24  

ကမ္ဘောဒီးယားအစိုးရသည် ၁၇ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ တရုတ်နိုင်ငံမှ ထောက်ပံ့ပေးသော သတ္တမအသုတ် ကာကွယ်ဆေး ကြိုဆိုပွဲ အခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ပါသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၊ ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဒီဘန်နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ၀မ်ဝေထျန်း တို့သည် လေဆိပ်သို့ သွားရောက် ကြိုဆိုကြသည်။

ဟွန်ဆန်က တရုတ်နိုင်ငံ၏ ဆက်တိုက်ထောက်ပံ့ကူညီမှုနှင့် တရုတ်ပြည်မှ ၀ယ်ယူခဲ့သော ကိုဗစ်-၁၉ ကာကွယ်ဆေးများကြောင့် ကမ္ဘောဒီးယားနိုင်ငံ၏ ပထမ အဆင့်ကာလ ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်သည် သတ်မှတ်ချိန်ထက် စောပြီး ပြီးစီးပြီ ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ နယ်ပယ်အသီးသီးတွင် တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်နေပြီး စီးပွားရေး နာလန်ပြန်ထူလာနေကြောင်း ပြောကြားခဲ့သည်။