ယခုလ ၄ ရက်နေ့ညက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီဒီယို အသွင်ပုံစံဖြင့် စတုတ္ထ အကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး “တံခါးဖွင့်ရေး နွေဦး လေသာဖြင့် ကမ္ဘာကြီးအား နွေးထွေးမှု ပေးပါစေ” ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန်က ကိုဗစ်-၁၉ ကပ်ရောဂါ မပြီးဆုံးသေးသလို ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူရန် အလားအလာသည်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း၊ နိုင်ငံအသီးသီးမှ ပြည်သူများသည် အေးအတူ ပူအမျှဖြင့် မျက်မှောက် အခက်အခဲများကို လက်တွဲ ကျော်လွှားရန် ပိုပြီး လိုအပ်ပါကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူ တံခါးဖွင့်ထားသော ကမ္ဘာ့စီးပွားရေးကို လက်တွဲ တည်ဆောက်ပြီး တံခါးဖွင့်ရေး နွေဦးလေသာဖြင့် ကမ္ဘာကြီးအား နွေးထွေးမှု ပေးလိုပါကြောင်း ပြောကြားပါသည်။