邹立莹

တရုတ်-လာအို ရထားလမ်း လိုင်းတစ်လျှောက်လုံး လျှပ်စစ်ဓါတ်အား အောင်မြင်စွာ ပို့လွှတ်

(GMT+08:00)2021-11-02 13:00:12  
အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်မီးရထား ကုမ္ပဏီအုပ်စု ကူမင်း ကုမ္ပဏီမှ သတင်းအရ တရုတ်-လာအို ရထားလမ်း လိုင်းတစ်လျှောက်လုံး လျှပ်စစ်ဓါတ်အား အောင်မြင်စွာ ပို့လွှတ်နိုင်ခဲ့ပြီ ဖြစ်ပြီး လျှပ်စစ်ဓါတ်အားလိုင်းနှင့် ဆက်စပ်သော စက်ကိရိယာ အဆောက်အဦများ အားလုံးကို အရည်အသွေး ပြည့်မီစွာ တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရပါသည်။
တရုတ်-လာအို ရထားလမ်း စတင် ပြေးဆွဲပြီးနောက် တရုတ်နိုင်ငံ ကူမင်းမြို့မှ လာအိုနိုင်ငံ ဗီယင်ကျန်းသို့ တစ်နေ့တည်းဖြင့် သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။